|
Mshare မှအားလုံးကိုကြိုဆိုပါတယ် |
|
Written by Administrator
|
|
Wednesday, 09 July 2008 |
|
မိတ်ဆွေတို့သိကြတဲ့အတိုင်း Mshareဆိုတာဆိုဒ်အသစ်လေးတစ်ခုပါ။ နည်းပညာပိုင်းဆိုင်ရာတွေကို လေ့လာဖြစ်ကြရင်း ကလိချင်စိတ်တွေတဖွားဖွား ဖြစ်လာမိခဲ့ပါတယ်။ ဒါနဲ့ပဲစပြီးရပ်လို့မရတဲ့ အရေမရအဖတ်မရ Mshareဆိုတာ ဖြစ်လာခဲ့ပါတယ်။ အရေအဖတ်မရတဲ့အပြင် ထမင်းပါငတ်ခဲ့ပါသေးတယ်၊ ကျွန်တော်တို့တွေဟာ သိလိုတတ်လို့အတွေ့အကြုံရှိလို့တော့မဟုတ်ပါဘူး။ သိချင်တတ်ချင်စိတ်အပြည့်နဲ့ Mshareကို သန္ဓေတည်ခဲ့တာပါ။ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေကိုဆထက်တပိုး တိုးလို့ဖလှယ်နိုင်စေဖို့ လေ့လာမှုသက်သက်နဲ့စမ်းတ၀ါးဝါး Categoriesများကိုလည်း ပြည်စုံကောင်းမွန်အောင် ဖြည့်ဆည်းပေးထားပါတယ်။ ယခုလက်ရှိ အကြောင်းအရာတွေပေါ်မှာလည်း ဝေဖန်အကြံပြုပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့Mshareဟာ ပြည်တွင်း၊ပြည်ပ၊ လူဖြူ၊လူမည်း၊ အသွေးအရောင်ခွဲခြားမှုမရှိပါဘူး။ ပြည်တွင်းမှာနေနေ၊ ပြည်ပရောက်ရောက် မြန်မာလူမျိုးများအချင်းချင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာရေးသားနိုင်ရန်၊ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများဖလှယ်နိုင်ကြစေရန် ရည်ရွယ်ပြီးဖြစ်တည်လာခဲ့တဲ့ ဆိုဒ်လေးတစ်ခုပါ။ ကျွန်တော်တို့ဆိုဒ်လေးမှာ လိုအပ်ချက်ပေါင်းများစွာရှိနေပါတယ်။ အဲဒီလိုအပ်ချက်တွေကိုလည်း အချိန်နဲ့အမျှ ကြိုးစားဖြည့်ဆည်းသွားပါ့မယ်။ နည်းပညာရပ်များကို စိတ်ပါဝင်စားသူများအား ကျွန်တော်တို့ Mshareမှ လှိုက်လှဲုပျူငှာစွာကြိုဆိုနေပါတယ်။ လာရောက်ဆွေးနွေးကြဖို့ လည်းမေတ္တာရပ်ခံပါတယ်။ လက်ရှိလာရောက်ဆွေးနွေးကြတဲ့membersများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းများဖြင့် ................... Mshare အဖွဲ့သားများ |
|
Last Updated ( Thursday, 14 August 2008 )
|